ဒေါပုံမြို့နယ်၌ မွေးမိခင်များအား လိုအပ်သည်များ ထောက်ပံ့ပေးအပ်

 


ရန်ကုန် နိုဝင်ဘာ ၁၂

 

ဗိုလ်တထောင်ခရိုင် ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍‌ ဒေါပုံမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မွေးမိခင်များအား လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်နှင့် ဒေါပုံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသင်းပိုင်သားဖွားခန်းတွင် လာရောက်မွေးဖွားသည့် မွေးမိခင်ငါးဦးအား တစ်ဦးလျှင် အာဟာရ ဖြည့်အစားအစာများဖြစ်သည့် ကွေကာအုပ်၊ ကြက်ဥ၊ အိုင်အိုဒင်းဆား၊ အားဆေးနှင့် အနှီးပိတ်များအပြင် မိခင်တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)

No comments

Powered by Blogger.