မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
မကွေး နိုဝင်ဘာ ၂၅
၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး
၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊
တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီး ကော်မတီဝင်များ၊ အမျိုးသမီးရေးကို ဆောင်ရွက်လျက်ရှိသည့်
အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် အမျိုးသမီး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ်တွင်
စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဆောင်ပုဒ်အနေဖြင့် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်
အကြမ်းဖက်မှု ပပျောက်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး”
“UNITE to End Digital Violence against All Women and Girls” ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း
လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများက
ကလေးသူငယ်ကိစ္စရပ်များ၊ ကျား၊ မ အခြေပြု အိမ်တွင်းအကြမ်းဖက်မှုများ၊ ပဋိပက္ခအတွင်းလိင်ပိုင်း
ဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များနှင့် သက်ငယ်မုဒိမ်းကိစ္စရပ်များအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊
တရားရင်ဆိုင် ခရီးစရိတ်များ၊ အသက် မွေးဝမ်းကျောင်းစရိတ်များ ထောက်ပံ့ပေးခြင်းနှင့်ဥပဒေ
ပိုင်းဆိုင်ရာ လိုအပ်သော အထောက်အကူများ ရရှိနိုင်ရေးအတွက် ချိတ်ဆက်ပေးခြင်း၊ လုံခြုံရေးအတွက်
နာခိုးရာနေရာ များ စီစဉ်ပေးခြင်း၊ အခြားသော ဝန်ဆောင်မှုများ ရရှိနိုင်ရေး အတွက် ညွှန်းပို့ချိတ်ဆက်ပေးခြင်း
များကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ
အသိပညာပေး ဗီဒီယို ကလစ်ကိုပြသခဲ့ပြီး မိခင်မေတ္တာ မူကြိုကျောင်းမှ သမီးငယ်လေးများက
“ဗမာမလေး” တေးသီချင်း ဖြင့်လည်းကောင်း၊ မကွေးကလေး ပြုစုရေးဌာနမှ
သမီးငယ်လေးများက “သဘင်သည်မလေးမနှင်းဆီ” တေးသီချင်းဖြင့် လည်းကောင်း၊
မကွေးမူကြိုကျောင်းမှ ကလေးငယ်လေးများက “အတူတွဲကာ” တေးသီချင်းဖြင့် လည်းကောင်း
ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် သားငယ်
သမီးငယ်လေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments