မော်လမြိုင်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

 


မော်လမြိုင် နိုဝင်ဘာ ၂၅

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

 

ကြည့်ရှုအားပေး

သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်က ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများ၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် အချိန်ကာလ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်အကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့၏ တာဝန်နှင့်ဝတ္တရာများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

အဆိုပါသင်တန်းကို သင်တန်းနည်းပြလေးဦးတို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မဲရုံဖြည့်သွင်းရမည့်ပုံစံများ၊ မဲရုံပုံစံ ခင်းကျင်း၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်သည့် သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၂၃၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.