မွန်ဂိုလီးယားနိုင်ငံ၌ အအေးလွန်ကဲသောရာသီဥတုဆိုင်ရာ သတိပေးချက်ထုတ်ပြန်



နိုဝင်ဘာ ၃၀

မွန်ဂိုလီးယားနိုင်ငံသည် လာမည့်သီတင်းပတ်တွင် အေးခဲသောရာသီဥတုကို ကြုံတွေ့ရဖွယ်ရှိကြောင်း နိုင်ငံ၏မိုးလေဝသအေဂျင်စီက ယမန်နေ့က ပြောကြားခဲ့သည်။

နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်  ယမန်နေ့ညပိုင်းကစတင်ကာ ဆီးနှင်းများထူထပ်စွာ ကျရောက်နိုင်ဖွယ်ရှိပြီး အချို့နေရာများတွင် ညပိုင်းအပူချိန် အနုတ် ၃၉ မှ ၄၄   ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်သည်ဟု မိုးလေဝသအေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေပြင်းနှင့် နှင်းမုန်တိုင်းများသည် အနောက်ဘက်ရှိ Altai တောင်များနှင့် UmnugoviDundgovi နှင့် Dornogovi ကဲ့သို့သော တောင်ပိုင်း ဂိုဘီသဲကန္တာရပြည်နယ်များတွင် လေပြင်းနှင့် နှင်းမုန်တိုင်းများသည် နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ပျမ်းမျှလေတိုက်နှုန်း တစ်စက္ကန့်လျှင် ၁၈ မှ ၂၀ မီတာအထိ တိုက်ခတ်နိုင်သည်ဟု အေဂျင်စီက သတိပေးထားသည်။

Ulan Bator နှင့် ပြည်နယ် ၂၁ ခုတွင် နေထိုင်သူများအား ဖြစ်နိုင်ခြေရှိသော ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အထူးသတိထားရန် နိုင်ငံ၏မိုးလေဝသအေဂျင်စီက သတိပေးပြောကြားထားသည်။ မွန်ဂိုလီးယား၏ အအေးပိုသော ဆောင်းရာသီသည် အချိန်အတော်ကြာမြင့်ကြောင်းနှင့် အပူချိန် အနုတ် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်ကြားရှိနိုင်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.