မကွေးမြို့၌ ဒီဇင်ဘာလူထုအားကစားလအကြို စုပေါင်းလမ်းလျှောက်ပွဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ
မကွေး
နိုဝင်ဘာ ၂၉
တစ်မျိုးသားလုံး
ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှုလျက် ဒီဇင်ဘာအားကစားလအကြို လူထုစုပေါင်း
လမ်းလျှောက်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ယနေ့နံနက် ၅ နာရီတွင်
မကွေးမြို့တိုင်းအားကစားကွင်းရှေ့၌ ကျင်းပသည်။
အဆိုပါ
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ
တပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်
ကျောင်းသားကျောင်းသူများ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည်
တိုင်းအားကစားကွင်းမှစတင်၍ ပြည်တော်သာလမ်း၊ ထိုမှတစ်ဆင့် မြို့ပတ်လမ်းတစ်လျှောက်၊
အဝေရာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ တိုင်းအားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ကာ
စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁) +(၂) နှင့် Physical Fitness Dance
လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာမုန့်နှင့်
အချိုရည်ဘူးများဝေငှပေးသည်။
ယင်းနောက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထူ အားကစားလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာ
ကျောင်းပေါင်းစုံ Fitness Danceပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို
ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲဝင်များစုပေါင်း၍
“လမ်းလျှောက်မယ်” သီချင်းဖြင့် သရုပ်ပြသခြင်း ကိုကြည့်ရှုအားပေးကာ
တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအတွက် ဝတ်စုံစရိတ်အဖြစ်
တစ်သင်းလျှင် ကျပ်ခုနစ်သိန်းနှုန်းဖြင့် အသင်း ၁၄ သင်း အတွက် စုစုပေါင်းငွေကျပ် ၉၈
သိန်းကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments