(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်းအားကစားသမားများ၏ နောက်ဆုံးအကြိမ် လက်ရည်စမ်းပြိုင်ပွဲကျင်းပ
နေပြည်တော်
နိုဝင်ဘာ ၂၉
၂၀၂၅
ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင်
စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားသမားများ၏ နောက်ဆုံးအကြိမ်
လက်ရည်စမ်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ပီတန်း လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။
ဦးစွာ
ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ပီတန်းအားကစားနည်းမှ (အမျိုး
သား/ အမျိုးသမီး) Shooting၊ Mixed Double နှင့်
Mixed
Triple အမျိုးအစားအလိုက် အားကစားသမားများ၏ နောက်ဆုံးအကြိမ်
လက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲများအပြီးတွင်
ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် Mixed Double မှ အားကစားသမား ထွေးကိုကိုနှင့် ပန်းအိဖြိုးတို့အတွဲနှင့် တစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ခင်ချယ်ရီသက်တို့အား ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများ
ပေးအပ်သည်။
ဆက်လက်၍
ဒုတိယဝန်ကြီးသည် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍
(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှု
များရရှိစေရေးနှင့် ပြိုင်ပွဲအတွေ့ ကြုံရရှိစေရေးတို့အတွက် ပြည်ထောင်စုဝန်ကြီး၏
လမ်းညွှန်ချက်အတိုင်း ယခုလက်ရည်စမ်းပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြာင်း၊
မိမိတို့ ယခုရရှိထားသည့် ရမှတ်များထက် ပိုမိုကောင်းမွန်သည့် ရမှတ်များရရှိရန်
အခြေခံနည်းစနစ်များနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို
ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ပိုမိုလေ့ကျင့်သွားရန်လိုကြောင်း၊ ပီတန်းအားကစားနည်းဖြင့်
နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင်
ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊
ဝီရိယများဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားရန် တိုက်တွန်းမှာကြားပြီး
အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ လိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments