မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အလုပ်အမှုဆောင်အစည်းအဝေး (၂/၂၀၂၅) ကျင်းပ



ရန်ကုန် နိုဝင်ဘာ ၂၉

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး(၂/၂၀၂၅)ကို နိုဝင်ဘာ၂၇ ရက်တွင် Novotel Yangon Max ဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင် မြင့်ဝေ၊ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာထက်ခိုင်ဝင်း (အောက်မြန်မာပြည်ကိုယ်စားပြု)၊ ဦးကျော်စွာထွန်း (အထက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးလအောင် (အထက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးစောငြိမ်း (အထက်မြန်မာပြည် ကိုယ်စား ပြု)၊ ဦးဝင်းကိုကို (အောက်မြန်မာ ပြည် ကိုယ်စားပြု)၊ ဦးကျော်ဦး (မြန်မာနေရှင်နယ်လိဂ်–၁ ကိုယ်စား ပြု)၊ ဦးဇော်မင်းသိန်း (မြန်မာနေရှင်နယ်လိဂ်– ၁ ကိုယ်စားပြု)၊ ဦးလှကျော်ဝင်း (မြန်မာနေရှင်နယ် လိဂ်–၁ ကိုယ်စားပြု)၊ ဦးထောင်ထာထန်း(မြန်မာနေရှင်နယ်လိဂ် -၂ ကိုယ်စားပြု)၊ ဦးစိုးမြတ်မင်း (နည်းပြကိုယ်စားပြု)၊ ဒေါ်သိန်းသိန်းအေး (အမျိုးသမီးဘောလုံးကိုယ်စားပြု)၊ ဦးဇော်မင်းစိန် (MFF ဥပဒေအကြံပေး)၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် MFF တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်းတို့ တက်ရောက်ဆွေးနွေးကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော အလုပ်အမှုဆောင် စာရင်းကိုအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၅) မှတ်တမ်းကို အတည်ပြုသည်။ ယင်းနောက် MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မည့်အသင်းများ လေ့ကျင့်ပြင်ဆင်မှု၊ အခြေခံအဆောက်အအုံများနှင့် ပတ်သက်သည့် အခြေအနေ၊ သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲများ စနစ်တကျ ကျင်းပနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အထွေထွေဆွေးနွေးမှုများ ပြုလုပ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ကျောင်းပြိုင်ပွဲများ၊ လူငယ်ပြိုင်ပွဲများ ပူးပေါင်းဆောင်ရွက်ရေး၊ Football For Schools အစီအစဉ် ပူးပေါင်းအကောင်အထည်ဖော်ရေး၊ မျိုးဆက်သစ်များအား စနစ်တကျ ပြုစုပျိုးထောင်ရေးနှင့် Scouting ပိုမိုအားထည့်ဆောင်ရွက်ရေး စသည့် လူငယ်ဘောလုံးစီမံကိန်းဆိုင်ရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

 

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MFF

No comments

Powered by Blogger.