စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော် သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူ
မုံရွာ
နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က
ကြီးမှူးကျင်းပသည့် မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ခြောက်တိုက်မှ
ဆရာတော်သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက်
ခုနစ်ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲ ကို
ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ ကျင်းပသည်။
တက်ရောက်
ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့်
လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊
တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရ
အဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ
အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်း ရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ဆေးရုံများ၊
လျှပ်စစ်ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များနှင့် စက်သုံးဆီဆိုင်များမှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား
ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့် ဝတ္ထုငွေများကို လောင်းလှူကြပြီး
သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊ စားသုံးဆီနှင့် လှူဖွယ်ဝတ္ထုများကို
ဆက်ကပ်လောင်းလှူကြသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ
သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့်
ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့ပတ်လမ်းမှ
ဘိုးဘွားရိပ်သာအဝိုင်းလမ်းဆုံအထိ ရထားသံလမ်းတစ်လျှောက်တွင် မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/
ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို
လိုက်လံကြည့်ရှုကြသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား
တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းမှ စားသုံးဆီများဈေးနှုန်းသက်စွာဖြင့်
ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments