ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးခြင်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်

 


ပဲခူး နိုဝင်ဘာ ၂၃

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

လှည့်လည်ကြည့်ရှုအားပေး

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက် ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသ ပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုတို့ကိုလိုက်လံကြည့်ရှုပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စေတနာ၊ မေတ္တာ၊ ကရုဏာထား၍ ဆေးကုသမှုပေးခဲ့သည့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြသည့် ကြက်ခြေနီအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် မြို့မိ/မြို့ဖများအား ကျေးဇူးတင်စကားပြောကြားကာ ဆေးကုသမှုလာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား Smart Card ပြုလုပ်ပေးခြင်း၊ MEVM စက်ဖြင့် မဲပေးမှုသရုပ်ပြသခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့ကို တာဝန်ရှိသူများ ပြုလုပ်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစား ယူပြီးနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေး စောင့်ရှောက်မှုစစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါးတစ်လစာ လစဉ်ထောက်ပံ့ ပေးခြင်းအပြင် ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထား ဖြင့်ရောင်းချပေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ယခု ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် သုံးနှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်၍ ဆေးကုသမှုလာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားနှင့် ကျန်းမာရေးဝန်ဆောင်မှုဆောင်ရွက် ပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများအား အောင်သုခဆေးကုသဆောင်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.