ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

 


ဟင်္သာတ နိုဝင်ဘာ ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရသော မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းရေးရာဌာနမှူးက ကျောင်းစည်းကမ်းများ၊ စာမေးပွဲဆိုင်ရာစည်းကမ်းများ၊ ကျောင်းသား ကျောင်းသူများ၏ အခွင့်အရေးများကို ပြောကြားသည်။ ထို့နောက် ဒေါက်တာထွန်းမြတ်အောင်နှင့် ဌာနမှူးများက မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.