အုတ်တွင်းမြို့နယ်၌ ဒသမအကြိမ် မဟာထေရပူဇာနှင့် သြဝါဒခံယူပွဲ ကျင်းပ
အုတ်တွင်း နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌
မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ ဦးဆောင်ကျင်းပသော ဒသမအကြိမ် မဟာထေရပူဇာနှင့် သြဝါဒခံယူပွဲအခမ်းအနားကို
ယမန်နေ့နံနက်ပိုင်းက ဗောဓိကုန်းကျောင်းတိုက် မင်္ဂလာဓမ္မဗိမာန်တော်အတွင်း၌ ကျင်းပသည်။
ဦးစွာ အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူး
ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင်က မင်္ဂလာဓမ္မဗိမာန်တော်ကြီးအတွင်းသို့ ဘုရားပင့်ဆောင်ပြီး
ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် မြို့နယ်အတွင်းရှိ သက်တော်ရှည်ဆရာတော်ကြီး ၁၇ ပါးနှင့် သံဃာတော်အပါး ၂၀၀ တို့အား
အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments