ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားများဝင်ရောက်မှု အောက်တိုဘာလတွင် စံချိန်တင်မြင့်တက်



နိုဝင်ဘာ ၁၉

ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှုအရေအတွက်သည် အောက်တိုဘာလတွင် စံချိန်တင်မြင့်တက်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလတွင် နိုင်ငံခြားခရီးသွား ၃ ဒသမ ၉ သန်းနီးပါး လာရောက်ခဲ့ရာ ယခင်နှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၁၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားသည်။

တောင်ကိုရီးယားမှ ခရီးသွားလာရောက်လည်ပတ်သူဦးရေ ၈၆၇၂၀၀ ရှိရာ ၁၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူဦးရေ ၇၁၅၇၀၀ ရှိကာ  ၂၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၃၅ ဒသမ ၅ သန်းခန့် ရှိသည်။ ခရီးသွားဝင်ရောက်မှုစံချိန်တင်မြင့်တက်လာခြင်းသည် ယန်းငွေတန်ဖိုး ကျဆင်းခြင်းပါဝင်သည့်အချက်များကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.