ယခုနှစ် ပထမ ၁၀ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတကာလေကြောင်းခရီးသည် ငါးသန်း ကျော် ဝင်ရောက်



ဖနောင်ပင်  နိုဝင်ဘာ  ၁၈

ယခုနှစ်  ပထမ  ၁၀  လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ လေကြောင်း မှတစ်ဆင့်        ခရီးသည်ပေါင်း ၅ ဒသမ ၅၆ သန်း ဝင်ရောက်မှုရှိခဲ့ ပြီး ယမန်နှစ်ကထက် ၁၄ ရာခိုင် နှုန်း မြင့်တက်လာကြောင်း နိုဝင် ဘာ ၁၈ ရက်တွင်   ထုတ်ပြန်ခဲ့သည့် တရားဝင်အစီရင်ခံစာအရ  သိရ သည်။

ယခုနှစ်     ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ပြည် တွင်း ပြည်ပ  လေကြောင်းလိုင်း ပေါင်း ၃၄ ခုသည် နိုင်ငံ၏ အပြည် ပြည်ဆိုင်ရာလေဆိပ်   သုံးခုသို့ လေယာဉ်ခရီးစဉ်ပေါင်း ၅၂၉၅၄ ကြိမ်   ပျံသန်းပြေးဆွဲခဲ့သည်ဟု အစီရင်ခံစာတွင်    ဖော်ပြထားသည်။     ယင်းအရေအတွက်မှာ ယမန်နှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဆိုသည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ သည်    အဆိုပါကာလအတွင်း လေကြောင်းမှတစ်ဆင့် ကုန်စည် တန်ချိန် ၇၄၉၁၂ တန် ပို့ဆောင်မှု ရှိခဲ့ပြီး ၁၄ ရာခိုင်နှုန်း မြင့်တက်လာ ကြောင်းသိရသည်။ ကမ္ဘောဒီးယား နိုင်ငံသည်   လက်တလောတွင် တက်ချ်ယို   အပြည်ပြည်ဆိုင်ရာ လေဆိပ်၊   ဆီယမ်ရိအန်းကော အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သီဟနွက်ခ်    အပြည်ပြည်ဆိုင်ရာ လေဆိပ်   စသည့်   လေဆိပ်သုံးခု ဖြင့် လည်ပတ်ဆောင်ရွက်လျက် ရှိသည်။

ဆင်ဟွာ

No comments

Powered by Blogger.