မိတ္ထီလာ၌ မိုးစပါး ၉၄၆၈၉ ဧကစိုက်ပျိုးပြီး စတင်ရိတ်သိမ်း



မိတ္ထီလာ နိုဝင်ဘာ ၂၅

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧက စိုက်ပျိုးပြီး ၎င်းမိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

 

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် မိုးစပါးသီးနှံစိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၁၃၂၂၃ ဧက၊ မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၆၄၁၈ ဧက၊ သာစည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၃၇၄၅၀ နှင့် ဝမ်းတွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၃၇၅၉၈ ဧက စုစုပေါင်း ၉၄၆၈၉ ဧကကို စိုက်ပျိုးနိုင်ခဲ့သည်။

 

အဆိုပါမိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းကောင်းသည့် မျိုးစေ့၊ စိုက်နည်းစနစ်၊ ရေပေးနိုင်မည့် အခြေအနေများ၊ သီးနှံကာကွယ်ဆေးနှင့် ဓာတ်မြေဩဇာထည့်သွင်းခြင်း၊ လယ်မြေပြုပြင်ခြင်း လုပ်ငန်းများ စသည့်စိုက်ပျိုးနည်းပညာများကို အသိပညာပေးဆွေးနွေးခြင်းနှင့် စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်းခြွေလှေ့သည့်အချိန်အထိ စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယင်းမိုးစပါးစိုက်ပျိုးဧကများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော် (မိတ္ထီလာ)

No comments

Powered by Blogger.