ရေးမြို့ တစ်ပုလ္လင်နှစ်ဆူ စေတီပရိဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ရေး နိုဝင်ဘာ ၂၃
မွန်ပြည်နယ် ရေးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက သီရိနန္ဒာ ရပ်ကွက် တစ်ပုလ္လင်နှစ်ဆူ စေတီပရိဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ပေးမှုကို နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်၊ ရေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုး၊ မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့၏ စုပေါင်းအားဖြင့် ဘုရားဖူးပရိဝုဏ်အတွင်းရှိ ဝတ်တော်များ၊ အရံစေတီငယ်များအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ လျှောက်လမ်းတစ်လျှောက် အမှိုက်များ လှည်းခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေထွက်မြောင်းများ ရေတင်ကျန်မှု မရှိရေး ရှင်းလင်းခြင်းနှင့် ခြင်များခိုအောင်းနိုင်သည့် နေရာများ ရှင်းလင်း ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ

No comments