တနင်္သာရီမြို့နယ်၌ သာသနဇောတိသိမ်တော်နှင့် ကျောင်းမုခ်ဦးဖွင့်ပွဲ အလှူတော်မင်္ဂလာကျင်းပ

 



တနင်္သာရီ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ချောင်းငယ် ရပ်ကွက်ရှိ မြသီတာဘုန်းတော် ကြီးကျောင်းတိုက်၌ သာသနဇောတိသိမ်တော် ကျောင်းမုခ်ဦး ဖွင့်ပွဲနှင့် အုတ်တံတိုင်းများ ရေစက်သွန်းချ တရားတော်နာ အလှူတော်မင်္ဂလာကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ အလှူဒါယကာ ဦးမောင်စိုး နှင့် ဒေါ်မာမာတင်မိသားစုတို့ လှူဒါန်းသော မြသီတာဘုန်းတော် ကြီးကျောင်းမုခ်ဦးအား ဆရာတော် ဦးဝိမလနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ မြသီတာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ခုနစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းသော သာသန ဇောတိသိမ်တော်ကို ဗိုလ်မှူးကြီး မျိုးမင်းသူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးကြီးမျိုးမင်းသူနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က ချောင်းငယ်ရပ်ကွက် မြသီတာ ဘုန်းတော်ကြီးကျောင်းတိုက်  ဆရာတော် ဦးဝိမလထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြပြီး အနုမောဒနာတရားများ နာယူ ကြည်ညိုကြကာ  ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)

No comments

Powered by Blogger.