ဆိပ်ဖြူမြို့နယ်၏ အဓိက ဒေသထုတ်ကုန် ဆောင်းကြက်သွန်နီများ စိုက်ပျိုးဆောင်ရွက်လျက်ရှိ
ဆိပ်ဖြူ နိုဝင်ဘာ
၉
မကွေးတိုင်းဒေသကြီး
ဆိပ်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဆောင်းသီးနှံကြက်သွန်နီကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကာ
စိုက်ပျိုးရန်လျာထား ဧက ၇၉၀၀ ရှိပြီး စိုက်ပျိုးပြီး ၃၅၈၉ ဧက ဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၏
ဒေသခံတောင်သူများသည် ဒေသ၏အဓိက စိုက်ပျိုးရေးထုတ်ကုန် ဆောင်းကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်၍
ပြည်တွင်း/ ပြည်ပများသို့ တင်ပို့ရောင်းချကြသည်။ ကြက်သွန်နီကို ဆောင်းရာသီကာလ၌ ယောချောင်း၊
ကိုင်းစိုက်ပျိုးမြေနှင့် လယ်မြေတို့တွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ကြသည်။
ကြက်သွန်နီကို ကြမ်းကျွံ၊ ဇော်မွှား ဥသေးစိုက်ပျိုးခြင်းနှင့် မျိုးစေ့မှတစ်ဆင့် ပျိုးထောင်စိုက်ပျိုးခြင်းဟူ၍
နှစ်မျိုးရှိကြောင်း၊ ကြက်သွန်နီကို ကြမ်းကျွံ၊ ဇော်မွှားဥသေးစိုက်ပျိုးခြင်းကို နှစ်စဉ်သီတင်းကျွတ်လနှင့်
တန်ဆောင်မုန်းလတို့တွင် စိုက်ပျိုးဆောင်ရွက်ပြီး ကြက်သွန်နီအပင် စိုက်ပျိုးရန် တန်ဆောင်မုန်းလကုန်နှင့်
နတ်တော်လဆန်းပိုင်းတို့တွင် ပျိုးထောင်ပြီး ပြာသိုလတွင် စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊
ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာတွင် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့်
ကြက်သွန်နီမျိုးနှင့် မြေပြင်၊ စိုက်ပျိုး၊ သွင်းအားစုမြေသြဇာတို့အတွက် တစ်ဧကလျှင်
ကျပ်သိန်း ၃၀ မှ ၃၅ သိန်းအထိ ကုန်ကျမှုရှိကြောင်း၊ ယခင်စိုက်ပျိုးရာသီမှထွက်ရှိသော
ကြက်သွန်နီများ ကနဦးပိုင်းက ဈေးကွက်အရောင်းအဝယ်သွက်ခဲ့ကာ နောက်ပိုင်းကာလနှင့် လက်ရှိအချိန်တွင်
ဈေးကွက်အရောင်းအဝယ်အေးနေပြီး ယခုကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုအတွက် ဈေးရရှိရန်မျှော်လင့်ကြောင်း
ကြက်သွန်နီစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)

No comments