နော့ဝှစ်ချ်က မန်းနင်းကို နည်းပြအဖြစ်မှ ထုတ်ပယ်
ချန်ပီယံရှစ်ကလပ်
နော့ဝှစ်ချ်အသင်းသည် အိမ်ကွင်း ၇ ပွဲဆက် ရှုံးနိမ့်ပြီးနောက် လီအမ်မန်းနင်းကို နည်းပြအဖြစ်မှ
ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ အသက် ၄၀ အရွယ် အဆိုပါနည်းပြကို ဇွန်လတွင် အသင်းနည်းပြအဖြစ်
ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာ ၈ ရက်က လက်စတာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်
ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် နော့ဝှစ်ချ်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
နော့ဝှစ်ချ်အသင်းသည် ချန်ပီယံရှစ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း လိဂ်အိမ်ကွင်း ၇ ပွဲဆက်
ရှုံးနိမ့်မှုမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ မန်းနင်းသည်
နော့ဝှစ်ချ်အသင်းကို ၁၇ ပွဲတာဝန်ယူကိုင်တွယ်ထားရာ သုံးပွဲနိုင် သုံးပွဲသရေကျထားပြီး
၁၁ ပွဲအထိ ရှုံးနိမ့်ထားသည်။
မိုးဇက် - စုစည်းရေးသားသည်

No comments