အာဖဂန်ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် တရားမဝင်မူးယစ်ဆေးဝါး တန် ၂၂၀ ကို မီးရှို့ဖျက်ဆီး
ကဘူးလ် နိုဝင်ဘာ
၉
အာဖဂန်အာဏာပိုင်များသည်
မြို့တော်ကဘူးလ်အပါအဝင် အလယ်ပိုင်းဒေသတစ်ဝန်း စစ်ဆင်ရေးလုပ်ငန်းအတွင်း သိမ်းဆည်းရမိသည့်
တရားမဝင် မူးယစ်ဆေးဝါး တန် ၂၂၀ ခန့်ကို နိုဝင်ဘာ ၉ ရက်တွင် ဖျက်ဆီးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံပိုင်
ရေဒီယိုနှင့် ရုပ်မြင်သံကြား (အာတီအေ) က ထုတ်ပြန်ထားသည်။
မီးရှို့ဖျက်ဆီးသည့်
ပစ္စည်းများထဲတွင် စိတ်ကြွဆေး(အိုက်စ်) အပါအဝင် ဆေးခြောက်၊ ဘိန်း၊ စိတ်ကြွဆေးပြားများနှင့်
မူးယစ်ဆေးဝါးထုတ်လုပ်ရေး ပစ္စည်းများပါဝင်ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး ဒုတိယဝန်ကြီး
မိုဟာမက်ကာဆင်ခါလက်က ပြောကြားသည်။
အဆိုပါစစ်ဆင်ရေးနှင့်
ပတ်သက်၍ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ၊ ဝယ်ယူသူနှင့် ရောင်းဝယ်သူ ၇၅၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း
ခါလက်က ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌
တာလီဘန်တို့ အာဏာရယူသည့် အချိန်မှစကာ မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ကုန်ကူးခြင်းနှင့်
ရောင်းချခြင်းတို့ကို လုံးဝကင်းစင်သည်အထိ လျှော့ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမက်တင်းကာနီက ပြောကြားသည်။
ဆင်ဟွာ

No comments