WTA Finals အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ရွိုင်ဘာကီနာ ဗိုလ်စွဲ
ဆော်ဒီအာရေဗျနိုင်ငံ
ရီယာ့ဒ်မြို့၌ နိုဝင်ဘာ ၈ ရက်က WTA Finals အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ်
ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့အဆင့် (၁) ဘယ်လာရုစ် တင်းနစ်မယ် အာရီနာဆာဘယ်လင်ကာနှင့်
ကမ္ဘာ့အဆင့် (၆) ရှိ ကာဇက်စတန် တင်းနစ်မယ်အယ်လီနာ ရွိုင်ဘာကီနာတို့ ပွဲစဉ်တွင် ရွိုင်ဘာကီနာက
၆-၃၊ ၇-၆ (၇-၀) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဒဗလျူတီအေ တစ်ဦးချင်းဆုဖလားကို ပထမဆုံးအကြိမ်
ဆွတ်ခူးနိုင်သည့် အာရှတင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဆာဘယ်လင်ကာနှင့်
ရွိုင်ဘာကီနာတို့သည် အောက်တိုဘာလက ယှဉ်ပြိုင်ကစားခဲ့သည့် ဝူဟန်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင်
အနီးစပ်ဆုံးထိပ်တိုက်တွေ့ဆုံထားရာ ဆာဘယ်လင်ကာက ၆-၃၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိထားသည်။
သို့သော်လည်း ဆာဘယ်လင်ကာသည် ယခုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ထပ်မံအနိုင်ယူကျော်ဖြတ်နိုင်ခြင်း
မရှိဘဲ ရှုံးပွဲကြုံတွေ့ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ရသည်။
အသက် ၂၆ နှစ်အရွယ်
ဝင်ဘယ်ဒန်ချန်ပီယံဟောင်း ရွိုင်ဘာကီနာသည် ပြိုင်ပွဲတစ်လျှောက်တွင် နာမည်ကြီးတင်းနစ်မယ်များဖြစ်သည့် ဆွီယာတက်ခ်၊
အနီဆီမိုဗာ၊ အဲလက်ဇန် ဒရိုဗာ၊ ပဲဂူလာတို့ကို အဆင့်ဆင့် ကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့
တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆာဘယ်လင်ကာကို
ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဒဗလျူတီအေ ဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်း
ဖြစ်သည်။
ဂရင်းဆလမ်း ချန်ပီယံလေးကြိမ်ရ
ဆာဘယ်လင်ကာသည် ယခုအကြိမ် ဗိုလ်လုပွဲ ရှုံးနိမ့်မှုမှာ ၂၀၂၂ ခုနှစ်က ဒဗလျူတီအေ ဗိုလ်လုပွဲတွင်
ကာရိုလိုင်းဂါစီယာကို ရှုံးနိမ့်ပြီးနောက် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
မိုးဇက် - စုစည်းရေးသားသည်

No comments