နယ်စပ်ရေးရာဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသောသောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့်
ဆောင်ရွက်ပေးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် သိလ္လာချောင်းဖျားကျေးရွာအုပ်စု
ကျေးလက်ဆေးပေးခန်း၌ လိုအပ်လျက်ရှိသည့် သန့်ရှင်းသော သောက်သုံးရေနှင့် သားဖွားခန်းသုံး
ရေလုံလောက်စွာရရှိနိုင်စေရန် အတွက် လေးလက်မစက်ရေတွင်းတူးဖော်၍ ဆိုလာစနစ်ဖြင့် ရေတင်ခြင်း၊
ရေစုကန်၊ ရေစစ်ကန်နှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း
သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာရေတင်စနစ်ဖြင့်
သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မှုကြောင့် ယခင်က ကျေးလက်ဆေးပေးခန်းသို့
လာရောက်ကုသမှုခံယူကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နာမကျန်းဖြစ်သူ ဒေသခံပြည်သူများက
ရေရရှိရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ အချိန်မရွေး သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိ
အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုမြင့်မားလာနိုင်ပြီး
လူမှုဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments