ပုဇွန်တောင်စျေး၌ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြ
ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းတွင် အမှတ် (၆)ရပ်ကွက်ရှိ ပုဇွန်တောင်စျေး၌ မီးဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များက ပုဇွန်တောင် စျေးသူဈေးသားများအား မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး နည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော စျေးသူ စျေးသားများနှင့်အတူ လက်တွေ့ သရုပ်ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်

No comments