ပိုလီတက္ကနစ်တက္ကသိုလ်(ကျိုင်းတုံ)၌ သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား
ကျိုင်းတုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့
Polytechnic University (Kyaing Tong) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်တန်းများကို နိုဝင်ဘာ ၂၄ ရက်က စတင်ဖွင့်လှစ်သင်ကြားပေး
လျက်ရှိသည်။
Polytechnic University (Kyaing
Tong) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ် ဝင်ခွင့်ရရှိသူ အင်ဂျင်နီယာ ဘာသာရပ်အတွက်
၆၁ ဦး၊ ကွန်ပျူတာဘာသာရပ် အတွက် ၄၆ ဦး စုစုပေါင်း ၁၀၇ ဦးအား Polytechnic University
(Kyaing Tong) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများက လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုကြပြီး ကျောင်းသား ကျောင်းသူများက အလုပ်ရုံများအား လေ့လာကြသည်။
Polytechnic University (Kyaing
Tong)တွင် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ အင်ဂျင်နီယာ ဘာသာရပ်တွင် ၃၁၇ ဦး၊ ကွန်ပျူတာဘာသာရပ်တွင်
၁၄၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ
၄၅၇ ဦး တက်ရောက်ပညာ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)

No comments