မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိမဲရုံများ ကွင်းဆင်းစစ်ဆေး

 



ရန်ကုန် နိုဝင်ဘာ ၂၆


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ပြုလုပ်မည့် မဲရုံ ၅၃ ရုံအနက် ၃၈ ရုံ တည်နေရာများသို့ ဗိုလ်တထောင်ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦး‌အောင်လွင်နှင့် အဖွဲ့ဝင်များက နိုဝင်ဘာ ၂၄ ရက်တွင် ကွင်းဆင်း စစ်ဆေးကြသည်။


ကွင်းဆင်း စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ မဲရုံကြိုတင်ပြင်ဆင်ထားရှိမှုများ၊ လုံခြုံရေး ကြိုတင်ပြင်ဆင်ထား ရှိမှုများ၊  မဲပေးရာတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးနှင့် မဲပေးစက်များ ခင်ကျင်းထားရှိနိုင်ရေးတို့အတွက် ကြိုတင်နေရာလျာထား သတ်မှတ်ခြင်းများ၊ လျှပ်စစ်မီးပိုမိုရရှိရေး၊ ပန်ကာများ တပ်ဆင်ရေး၊ မီးစက် များထားရှိစေရေး၊ ပြတင်းပေါက် တံခါးများတွင် လိုက်ကာများ တပ်ဆင်စေရေး မှာကြားခဲ့ကာ ရွေးကောက်ပွဲပြုလုပ်မည့်နေ့ရက် မတိုင်မီ မဲရုံအတွင်းနှင့် မဲရုံ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် ကောင်းမွန်မှုရှိစေရေးနှင့် အခြားလိုအပ်သည်များ  မှာကြားခဲ့ကြောင်း သိရသည်။


ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

No comments

Powered by Blogger.