ကျိုက်မရောမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်

 


ကျိုက်မရော နိုဝင်ဘာ ၂၆

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်ပိုင်းက အထက (ကျိုက်မရော) ပညာ့အားမာန်ခန်းမ၌ ပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဝင် ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေ၊ မဲရုံမှူးများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သင်ကြားပို့ချပေးသည်။

 

ထို့နောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအတွက် လုပ်ငန်းလမ်းညွှန်ချက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဒေါ်စန္ဒာဝင်းက ရှင်းလင်းပို့ချသည်။ အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၅၆ ဦး တက်ရောက်ခဲ့ပြီး နှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ဆက်)

No comments

Powered by Blogger.