မုဒုံမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်
မုဒုံ နိုဝင်ဘာ ၂၆
မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၅ ခုနှစ်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊
ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့က အထက(၁)၌ ပြုလုပ်သည်။
ကြည့်ရှုအားပေး
သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
မွန်ပြည်နယ်တာဝန်ခံ ဦးကိုကိုလွင်က ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်
အချိန်ကာလ၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်အကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတို့၏
တာဝန်နှင့်ဝတ္တရာများ အကြောင်းအရာကို ရှင်းလင်းပြောကြား၍ သင်တန်းပို့ချနေမှုများကို
လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ လေးဦးနှင့်
အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မဲရုံ ဖြည့်သွင်းရမည့်ပုံစံများ၊
မဲရုံပုံစံခင်းကျင်း၍ လက်တွေ့ စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများနှင့်
ပတ်သက်သည့် သင်ခန်းစာများကို သင်ကြားပို့ချ သွားမည်ဖြစ်ပြီး မဲရုံမှူး ၁၀၀၊ ဒုတိယမဲရုံ
မှူး ၁၀၀ တက်ရောက်ကြကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)

No comments