နယူးဇီလန်နိုင်ငံ၏ ယူနက်စကိုစာရင်းဝင် တွန်ဂါရီရို အမျိုးသားပန်းခြံ မီးလောင်မှုဖြစ်ပွား
ဝယ်လင်တန် နိုဝင်ဘာ
၁၀
နယူးဇီလန်နိုင်ငံ
တွန်ဂါရီရို အမျိုးသားပန်းခြံ၌ နိုဝင်ဘာ ၁၀ ရက်တွင် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိပြီး
တောမီးလောင်ကျွမ်းမှုသည် တဖြည်းဖြည်းအရှိန်ရလာပြီး ဟက်တာ ၂၅၀၀ အထိ လောင်နိုင်ကြောင်း
နယူးဇီလန်မီးနှင့် အရေးပေါ်ဌာနက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၀ ရက်
နံနက်ပိုင်းတွင် တွန်ဂါရီရိုအမျိုးသားပန်းခြံ၌ မြူခိုးများ ဖုံးလွှမ်းလျက်ရှိသည်။ ထိုသို့
ဖုံးလွှမ်းလျက်ရှိသောကြောင့် မီးအကြီးအကျယ်လောင်မှုကို ထိုက်သင့်သလောက် တားဆီးပေးထားသည်။
မီးသတ်လေယာဉ်များလည်း မြင်ကွင်းမရှင်းသောကြောင့် မြေပြင်၌သာ ရပ်နားထားရသည်။
ဝယ်လင်တန်နှင့်
ဟောကက်စ်ဘေးမြို့ရှိ မီးနှင့်အရေးပေါ်ဌာနမှ မီးသတ်သမားအဖွဲ့ ရှစ်ဖွဲ့ကို မီးလောင်မှုဖြစ်ပွားရာသို့
စေလွှတ်ထားသည်။ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ခုနစ်ဖွဲ့နှင့် အနီးအနားရှိ
မီးသတ်ဌာနများမှ မီးသတ်သမားများကိုလည်း ထပ်မံစေလွှတ်ထားကြောင်း သိရသည်။
ရာသီဥတု ကောင်းမွန်လာသည်နှင့်
မီးသတ်ခြင်းဆောင်ရွက်နိုင်ရန် ရဟတ်ယာဉ် ၁၅ စင်း၊ မီးသတ်လေယာဉ် ငါးစင်းတို့ကိုလည်း အသင့်အနေအထား
ပြင်ဆင်ထားကြောင်း နယူးဇီလန်မီးနှင့် အရေးပေါ်ဌာနမှ တာဝန်ရှိသူက ပြောသည်။
၁၈၈၇ ခုနှစ်က တည်ဆောက်ခဲ့သော
တွန်ဂါရီရိုအမျိုးသားပန်းခြံသည် နယူးဇီလန်နိုင်ငံ၏ ပထမဆုံး အမျိုးသားပန်းခြံဖြစ်ပြီး
ဟက်တာ ၈၀၀၀၀ ခန့် ကျယ်ဝန်းကြောင်း သိရသည်။ ထူးခြားသော သဘာဝတရားနှင့် ယဉ်ကျေးမှုတို့အတွက်
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုလည်းဖြစ်သည်။
ဆင်ဟွာ

No comments