လှိုင်မြို့နယ်၌ ကျောင်းအခြေပြုကျန်းမာရေး စောင့်ရှောက်မှုများ(အခမဲ့)ကွင်းဆင်းဆောင်ရွက်
ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ
ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ ကျောင်းသားမိဘများနှင့် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်
ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ယနေ့နံနက် ၉ နာရီတွင် အမှတ်
(၁၃)ရပ်ကွက် အထက(၃)၌ ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ကွင်းဆင်းကုသပေးသည်။
ကြည့်ရှုအားပေး
အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ
ဒေါ်တင်ဝင်းရီနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ
ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်နန်းလုံ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ တောင်ဥက္ကလာ
အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်ယဉ်ထွန်း ဦးဆောင်သောအထူးကုဆရာဝန်ကြီးများ၊
ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ရပ်ကွက်နေပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)

No comments