ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး
ပွင့်ဖြူ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ဧက ၂၀၀၈၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်
မြေပဲ၊ နှမ်း၊ နေကြာ၊
ပန်းနှမ်း စသည့် ဆီထွက်သီးနှံစုံ ၃၄၉၅၁ ဧက စိုက်ပျိုးရန် လျာထားပြီး သတ်မှတ်စိုက်ဧက
ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ဧက ၂၀၀၈၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း
သိရသည်။
“ပွင့်ဖြူမြို့နယ်အတွင်း ဒီနှစ်ဆောင်းသီးနှံ
စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံစိုက်ဧက ၃၄၉၅၁ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့အထိ
စိုက်ပျိုးပြီးစီးမှုအနေနဲ့ နေကြာဧက ၄၁၅၀၊ မြေပဲဧက ၁၅၅၀၊ နှမ်းဧက ၁၄၃၈၀ စုစုပေါင်း
ဆီထွက်သီးနှံစုံ ဧက၂၀၀၈၀ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆီထွက်သီးနှံအလိုက် လျာထားချက်ဧကပြည့်မီအောင်
စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ကို
အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင်
ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း
သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments