လပွတ္တာမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်

 



လပွတ္တာ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက် ရွေးနဒီရေပေါ်ဈေးမှ စတင်၍ ယနေ့နံနက် ၈ နာရီက လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေသည်။

ကြည့်ရှုအားပေး

အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းများကို လပွတ္တာခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုအသင်းအဖွဲ့များ၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လပွတ္တာမြို့နယ် အတွင်းရှိ ဈေးသွားဈေးလာ ပြည်သူများ၊ ဘုရားဖူးလာပြည်သူများ၊ လူစည်ကားရာနေရာများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ ခရိုင်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.