ကျွန်းစုမြို့နယ်၌ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

 



ကျွန်းစု      နိုဝင်ဘာ    ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် လင်မလိုကြီး ကျေးရွာနှင့် သဲတန်းကြီးကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်မည့် ကျေးရွာချင်းဆက် လင်မလိုကြီး-သဲတန်းကြီး မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ကျပ်သန်း ၆၀၀ ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

 ဆောင်ရွက်ပြီးစီး

အဆိုပါလမ်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၆၂၃ ဒသမ ၇၂၀ သန်းဖြင့် ကျေးရွာချင်းဆက်မြေသားလမ်း အကျယ်ပေ ၃၀၊ အရှည် ၆ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ဩဂုတ်လမှစတင်ကာ ဆောင်ရွက်လျက် ရှိရာ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က နိုဝင်ဘာ ၂၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။                                                     

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.