ညောင်တုန်းမြို့နယ်၌ ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်စိုက်ပျိုးပွဲ ကျင်းပ

 



ညောင်တုန်း နိုဝင်ဘာ ၂၆


ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီထွက်သီးနှံ နေကြာနှင့် ပဲပုပ်စိုက်ပျိုးပွဲကို ဆားမလောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည်။


စိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က တောင်သူများအား ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားစိုက်ဧက ပြည့်မီကျော်လွန်၍ အထွက်နှုန်းတိုးစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်းကာ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာအသုံးပြု စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ကြရန်လိုအပ် ကြောင်းပြောကြား၍ တောင်သူ ဦးကျင်လှိုင်၏ လယ်မြေ သုံးဧကတွင် ဆီထွက်သီးနှံနေကြာ ရေဆင်းစပ်မျိုး(၁) နှစ်ဧကနှင့် ပဲပုပ်တစ်ဧကကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက စိုက်ပျိုးကြပြီး မြို့နယ်အတွင်း ဆီထွက်သီးနှံများ လျာထား စိုက်ဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

    

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.