၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး ကျောက်စိမ်းအတွဲပေါင်း ၄၁၈၃ တွဲ ရောင်းချရ
နေပြည်တော် နိုဝင်ဘာ ၂၆
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့တွင် ပြပွဲနဝမနေ့၌ ဖွင့်ဖောက်စစ်ဆေးထားသည့်
အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၆၈၅ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၆၆၁ တွဲကို
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း
ထုတ်ပြန်ကြေညာသည်။
ယခုကျင်းပသည့် ၂၀၂၅ ခုနှစ် အကြိမ်
(၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၈၉ တွဲ အနက်မှ ပုလဲအတွဲပေါင်း
၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ၊ အုပ်စု(အေနှင့်ဘီ)
တို့မှ ကျောက်စိမ်း အတွဲပေါင်း ၂၉၀၀ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၁၀၊ အုပ်စု (စီ)မှ
ကျောက်စိမ်းအတွဲပေါင်း ၂၁၈၅ အနက်မှ ကျောက်စိမ်း အတွဲပေါင်း ၂၀၇၃ တွဲကို နေ့ရက်အလိုက်
ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်၊၊
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ
ရရှိနိုင်စေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်
ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ
ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်၊၊
သတင်း - မင်းကျော်စွာ
ဓာတ်ပုံ - ကိုအေးသန်း

No comments