ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ (ရွာသာကြီး) မြေကွက်လပ်နေရာရှိ သိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု

 


နေပြည်တော် နိုဝင်ဘာ ၂၇

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ် (၂) လမ်းမကြီးအနီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) သိုလှောင် ရုံဌာနခွဲ(ရွာသာကြီး) ဝင်းအတွင်းရှိ မြေကွက်လပ်နေရာသို့ သွားရောက်ကြည့်ရှုသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဘေးသင့်ဒေသများ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အိမ်ရာများ၊ ရုံးများ၊ အဆောက်အအုံများ တည်ဆောက်ဆဲကာလတွင် ယာယီအသုံးပြုလျက်ရှိသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းထားသည့် ယာယီအိမ်ရာများ၊ (Container House)၊ ယာယီရုံးများ( Container Office) များကို အမြဲတမ်းအဆောက်အအုံများ ဆောက်လုပ်ပြီးစီးသွား ပါက စနစ်တကျပြန်လည်သိမ်းဆည်းထားရှိနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သိုလှောင်ရုံ ဆောက်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေဝင်/ ရေဝပ်နိုင်သည့် နေရာဖြစ်သောကြောင့် သိုလှောင်ရုံကို ရေလွတ်နိုင်သည့်အမြင့်အထိ ဆောက်လုပ်နိုင်ရေး၊ သိုလှောင်ရုံဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းနှင့် ညီညွတ်မှုရှိစေရေး၊ မြေအခြေအနေနှင့် သိုလှောင်ထားရှိမည့် Container များ၏ ခံနိုင်ဝန်တို့ကို စနစ်တကျတွက်ချက်၍ ရေရှည်အသုံးပြုနိုင်ပြီး စက်ယန္တရားများဖြင့် သယ်ဆောင် အတင်အချပြုလုပ်နိုင်သည့် ပုံစံဒီဇိုင်းနှင့် အကျယ်အဝန်းရှိသည့် သိုလှောင်ရုံများဖြစ်စေရေး အဘက်ဘက်မှ ထည့်သွင်းတွက်ချက် တင်ပြရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.