တန့်ယန်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အစည်းအဝေးကျင်းပ

 


တန့်ယန်း နိုဝင်ဘာ ၂၅

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားပြီးဖြစ်ရာ ပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက အမှာစကားပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)

No comments

Powered by Blogger.