ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းများ ကွင်းဆင်းစစ်ဆေး

 


ကျောက်တန်း နိုဝင်ဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ဦးသက်ဇော် ညွှန်ကြားရေးမှူး(မြို့ပြ) ရန်ကုန်တိုင်းဒေသကြီးနှင့် တာဝန်ရှိသူများ၊ အရည်အသွေးစစ်ဆေးအဖွဲ့ တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်သည့် ပျဉ်းမကန်ကြီး- ပျဉ်းမကန်လေး ကျေးရွာချင်းဆက် လမ်း ပေ ၂၅၀၀ အား မြေသားလမ်း ခင်းခြင်းနှင့် ကုမ္ပဏီမှဆောင်ရွက်သည့် မြကိုင်း - ရှမ်းချောင်းလမ်း ဂဝံခင်းခြင်း၊ နရွဲချောင်-ခနောင် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်၊၊

သန့်ဇင်ထွန်း(ကျောက်တန်း)

No comments

Powered by Blogger.