တံတားဦးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်
တံတားဦး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌
မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက
တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ ၌ ကျင်းပသည်။
သင်တန်းတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက တံတားဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း
၆၄ အုပ်စု ရှိသည့်အနက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၀ တွင် ဖွင့်လှစ်မည့် မဲရုံပေါင်း ၄၀
တွင် မဲဆန္ဒရှင်ပြည်သူပေါင်း ၃၇၆၄၁ ဦးရှိကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့်
မဲပေးစက်အသုံးပြုရာတွင် လိုအပ်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို သိရှိပြီး မဲဆန္ဒရှင်ပြည်သူများ
ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေးအကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်မွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးမြင့်သန်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး
ရှင်းလင်းပြောကြားကာ သင်တန်းကို နှစ်ရက်ကြာဖွင့် လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments