ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပထမနှစ် ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ

 


ရန်ကုန် နိုဝင်ဘာ ၂၅

 

၂၀၂၅ - ၂၀၂၆ပညာသင်နှစ် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နည်းပညာတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာကြည်စိုးက ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများအား ကြိုဆိုကြောင်း၊ နိုင်ငံတကာ အဆင့်မီနိုင်အောင် ကြိုးစားစေလိုကြောင်း၊ ကျောင်း၏စည်းကမ်းများကို လိုက်နာကြပြီး တစ်ဦးနှင့်တစ်ဦးမောင်နှမရင်းချာကဲ့သို့ ရိုင်းပင်းကူညီ ချစ်ချစ်ခင်ခင် နေထိုင်သင်ကြားစေလိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ခင်လှလှဝင်းက ကြိုဆိုနှုတ်ခွန်းဆက် မုဒိတာစကားပြောကြားသည်။

 

ထို့နောက် သင်တန်းရေးရာဌာနမှ ဆရာဦးကျော်ဝင်းလွင်က သင်တန်းရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.