နမ့်စန်မြို့နယ် နမ့်မော်ခေါက်ဆင့်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်း
နမ့်စန် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်တွင်
မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက မက်မွန်မုန်းကျေးရွာအုပ်စု နမ့်မော်ခေါက်ဆင့်ကျေးရွာ
ကွင်းအမှတ် (၂၇၁)၊ ဦးပိုင်အမှတ် (၂)ရှိ တောင်သူ ဦးကျော်ကျော်၏ လယ်မြေ ၃ ဒသမ ၃၅ ဧကတွင်
ဆောင်ရွက်သည်။
စံကွက်ရိတ်သိမ်းပွဲတွင် နမ့်စန်ခရိုင်
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မြို့နယ်လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး
ဦးသန့်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့်
စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ ဦးကျော်ကျော်၏ အောင်နိုင်တိုး မိုးစပါးစိုက်ခင်း
သုည ဒသမ ၀၀၁ ဧကစံကွက်ကို ကောင်း၊ သင့်၊ ညံ့ ရိတ်သိမ်း ခြွေလှေ့ခဲ့ရာ တစ်ဧကပျှမ်းမျှ
အထွက်နှုန်း ၁၀၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)

No comments