မန္တလေးနည်းပညာတက္ကသိုလ်၌ ပထမနှစ် ကျောင်းသား ကျောင်းသူများအား နွေးထွေးစွာ ကြိုဆို

 


မန္တလေး နိုဝင်ဘာ ၂၄

 

မန္တလေး နည်းပညာတက္ကသိုလ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ပထမနှစ် ကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ ၂၄ ရက်မှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ မန္တလေးနည်းပညာ တက္ကသိုလ်(MTU) ဒုတိယ ပါမောက္ခချုပ်(စီမံ) ဒေါက်တာ အေးအေးမူနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများက မောင်မယ်သစ်လွင်များအား နွေးထွေးလှိုက်လှဲစွာကြိုဆို နှုတ်ခွန်းဆက်အားပေးစကားများ ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးမူက မန္တလေးနည်းပညာတက္ကသိုလ် (MTU) သို့ တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုသာမက အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက်လည်း အဆောင်များအား သန့်ရှင်းသပ်ရပ်စွာ စီစဉ်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် စည်းကမ်းရှိ၍ လွတ်လပ်ပျော်ရွှင်စွာ ပညာဆည်းပူးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ယနေ့ထိ ကျောင်းအပ်နှံမှု ၂၅၀ ရှိပြီး ကျောင်းအပ်နှံမှုများကိုလည်း ဆက်လက်လက်ခံလျက်ရှိကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)

No comments

Powered by Blogger.