လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ
လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
အဆိုပါ တက္ကသိုလ်၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်
အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ
ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက
လားရှိုးတက္ကသိုလ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လားရှိုးတက္ကသိုလ်ဆိုင်းဘုတ်အား
အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား
ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား
အားပေးစကား ပြောကြားသည်။ ယင်းနောက် စာသင်ဆောင်များ ပြုပြင်နေမှုများကို လှည့်လည်ကြည့်ရှုပြီး
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည်
လားရှိုးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို
လှည့်လည်ကြည့်ရှုအားပေးပြီး စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments