ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ပြုလုပ်
သထုံ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်
(သထုံ)၌ ကျင်းပသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက
ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ သင်ကြားသင်ယူမှုစနစ်များ၊ သင်ကြားရေးဌာနများကို ရှင်းလင်းပြောကြားသည်။
ကြိုဆို
ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ၂၀၂၅-၂၀၂၆
ပညာသင်နှစ်တွင် ပထမနှစ်မှ ပဉ္စမနှစ်အထိ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသား
ကျောင်းသူ စုစုပေါင်း ၆၈၃ ဦး အေးချမ်းစွာ တက်ရောက်လျက်ရှိပြီး အဆိုပါနေ့တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
ကွန်ပျူတာတက္ကသိုလ် (သထုံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သို့ ဝင်ခွင့်ရရှိခဲ့ကြသည့်
မောင်မယ်သစ်လွင် ၂၀၁ ဦးတို့အား ကြိုဆိုခဲ့ကြကြောင်း သိရသည်။

No comments