ဝင်ငွေတိုးစီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလို
နေပြည်တော်
အောက်တိုဘာ ၃၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး
ရေးဝန်ကြီးဌာန၊   အသေးစားစက်မှု
လက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  “အသေးစားကုန်ထုတ်လုပ်ငန်းများ
ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း” ၏
၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီနယ်မြေအတွင်း
ဖွင့်လှစ်ခဲ့သည့်  စက်ချုပ်သင်တန်း၊
မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း ပညာသင်တန်း၊ စားသောက်ကုန်နှင့်
လူသုံးကုန်ထုတ်လုပ်မှုသင်တန်းများ၏ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲနှင့်
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌
ကျင်းပသည်။
အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊
ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းဆင်းများ
တက်ရောက်သည်။
ဦးစွာ  ပြည်ထောင်စုဝန်ကြီးက ယခု ၂၀၂၅-၂၀၂၆
ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၉၆  ရွာတွင်
သင်တန်းဖွင့်လှစ် ပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင် 
၉၈၀  ကို  ထပ်မံမွေးထုတ်ပေးနိုင်ခဲ့၍  ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းရှင်
စုစုပေါင်း ၂၆၄၂ ဦး အထိ  ရှိလာပြီဖြစ်ပါကြောင်း၊
ဆက်လက်၍လည်း အဆိုပါဝင်ငွေတိုးစီမံကိန်းကို
ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊
သင်တန်းဆင်းများအနေဖြင့် မိမိတို့၏လုပ်ငန်းများရေရှည်အောင်မြင်ရေး၊ စဉ်ဆက်မပြတ်
မိသားစုဝင်ငွေတိုးပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း  တိုက်တွန်းပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးက စက်ချုပ်နည်းပညာ သင်တန်းမှ 
သင်တန်းဆင်း  ၁၀ ဦးအတွက်
အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က
မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းငါးဦးအတွက် ဘက်ထရီအားသွင်းကိရိယာ၊
ဖိအားမြင့် ရေဖျန်းစက်၊ လက်သုံးကိရိယာအစုံ၊ T-Spanner အစုံ၊
သံလိုက်တုံးဖြုတ်ကိရိယာနှင့် ၄" ကျောက် စက်များကိုလည်းကောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ 
သင်တန်းဆင်း ငါးဦး အတွက် စတီးကန်၊  Liquid Soap Mixer နှင့် Balance  ကို လည်းကောင်း၊
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်း ငါးဦးအတွက်   Electric  
Dryer နှင့် ခြေနင်းအိတ်ပိတ်စက်များကိုလည်းကောင်း
ပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
သင်တန်းဆင်းများကိုယ်စား သင်တန်းဆင်းတစ်ဦးကို သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းထူထောင်မည့်
သင်တန်းဆင်းများကို တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ ဌာနမှပေးအပ်သည့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ သင်တန်းမှ ထွက်ရှိသော ကုန်ချောပစ္စည်းများကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments