နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၁) သင်တန်းဆင်း
နေပြည်တော်
အောက်တိုဘာ ၃၁
အခြေခံပညာဆရာ
ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈
နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရတနာခန်းမ၌ကျင်းပရာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊
ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ
တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်က ဆရာဆရာမများသည်   နိုင်ငံသားများ ဖြစ်သည့်အပြင်   နိုင်ငံ့ဝန်ထမ်း တာဝန်ကို
ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် တာဝန်၊
စောင့်ထိန်းရမည့်  ကျင့်ဝတ်၊
လိုက်နာရမည့်  စည်းကမ်းများ၊
တည်ဆဲဥပဒေများနှင့် ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ကို 
စောင့်ထိန်းလိုက်နာပြီး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ
ပါတီနိုင်ငံရေးကင်းရှင်းကြရန်နှင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို
အားပေးစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ 
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေး
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့
ပညာရေးဝန်ကြီးဌာနမှသင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၇၉ ဦး စုစုပေါင်း  ၄၇၂ ဦး 
တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments