မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာအေးစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

 


ရန်ကုန် အောက်တိုဘာ ၃၁

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက ကမ္ဘာအေးစေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။

 

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူ ဦးဆောင်၍ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇင်မာအောင် နှင့်အဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ စုစုပေါင်း အင်အား ၆၀ ဖြင့် ကမ္ဘာအေး စေတီတော်ကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် စေတီနှင့် ဘုရားရင်ပြင် အနီးအနားရှိ အမှိုက်များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင် အနီးရေဖြင့်ဆေးကြောသန့်စင်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.