ထိုင်းဖိတ်ခေါ် ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Falcon အသင်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထား
ရန်ကုန် အောက်တိုဘာ
၃၁
ထိုင်းဖိတ်ခေါ်
ယူ-၁၇ ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို အောက်တိုဘာ ၃၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌
ဆက်လက်ကျင်းပရာ မြန်မာအသင်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။
ယင်းပြိုင်ပွဲကို
လေးသင်း နှစ်အုပ်စုခွဲ၍ အောက်တိုဘာ ၃၀ ရက်မှစကာ ကျင်းပလျက်ရှိပြီး
မြန်မာကိုယ်စားပြု Falcon အသင်း အုပ်စုပထမနေ့တွင် ရှုံးပွဲကြုံတွေ့သော်လည်း  ဒုတိယနေ့တွင် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။  Falcon အသင်းသည်
ပထမနေ့တွင် ထိုင်းကလပ် သာနာခမ်ချောင်ဘူရီအသင်းကို လေးဂိုး-သုံးဂိုးဖြင့်
အရေးနိမ့်ပြီး ဒုတိယနေ့တွင် ထိုင်းကလပ် Prime အသင်းကို
သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  Falcon အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၁ ရက်တွင် ထိုင်းကလပ် BG ပါသွန်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 
ယင်းပြိုင်ပွဲတွင်
ထိုင်းကလပ် ငါးသင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ဂျပန်တို့မှ တစ်သင်းစီ
ယှဉ်ပြိုင်နေပြီး အုပ်စုဒုတိယနေ့အပြီး အုပ်စု(A)၌ သာနာခမ်ချောင်
ဘူရီ(ထိုင်း)အသင်းက လေးမှတ်၊  Falcon(မြန်မာ)နှင့် Prime(ထိုင်း)အသင်းတို့က သုံးမှတ်စီ၊ BG ပါသွန်ယူနိုက်တက်(ထိုင်း)အသင်းက တစ်မှတ်၊ အုပ်စု (B)၌ PVF
ဗီယက်နမ်(ဗီယက်နမ်)အသင်းက ခြောက်မှတ်၊ အီဝါကီ(ဂျပန်) အသင်းက
သုံးမှတ်၊ ရာ့ဂျာနာဗီ(ထိုင်း)နှင့် အဆမ်ပါရှင်ယူနိုက်တက် (ထိုင်း) အသင်းတို့က
တစ်မှတ်စီရရှိထားသည်။
Falcon အသင်းသည် မြန်မာ
ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်ပြီး အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ်
ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းအသင်းသည် ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သော MNL ယူ-၂၁ လူငယ်လိဂ် ပြိုင်ပွဲတွင်လည်း Falcon အသင်းအမည်ဖြင့်
ယှဉ်ပြိုင်ခဲ့သလို ယခုပြိုင်ပွဲကိုလည်း ယင်းအသင်းအမည်ဖြင့်
ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 
သတင်း-ကိုညီလေး
ဓာတ်ပုံ-U-17 NGC
No comments