သီရိလင်္ကာနိုင်ငံ၌ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်အတွင်း လူပေါင်း ၉၈၀ ကို ဖမ်းဆီး



ကိုလံဘို နိုဝင်ဘာ ၆

 

သီရိလင်္ကာနိုင်ငံရဲတပ်ဖွဲ့သည် ဆက်လက်လုပ်ဆောင်နေသည့် “A Nation United” မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုအဖြစ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံချက်များအတွင်း နိုဝင်ဘာ ၅ ရက်တွင် လူပေါင်း ၉၈၀ ကို ဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားသည်။

 

နိုဝင်ဘာ ၅ ရက်က မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းစုစုပေါင်း ၁၀၅၃ မှုကို ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံ၌ အဆိုပါ လုပ်ငန်းအတွင်း ဘိန်းဖြူ ၃ ဒသမ ၃၂ ကီလိုဂရမ်၊ စိတ်ကြွဆေး ၁ ဒသမ ၁၁ ကီလိုဂရမ်၊ ဆေးခြောက် ၅၄ ဒသမ ၄၃ ကီလိုဂရမ်နှင့် အခြားဆေးခြောက် ၁၁ ဒသမ ၃၃ ကီလို ဂရမ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.