ဂျပန်နိုင်ငံ၌ ငွေကြေးလိမ်လည်ထုတ်ယူသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး
တိုကျို နိုဝင်ဘာ
၆
ဘဏ်အဖွဲ့အစည်းတစ်ခုအတွက်
အလုပ်လုပ်နေသူများ ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတစ်ဦးကို ငွေကြေးလိမ်လည်လှည့်ဖြားမှုဖြင့်
သံသယရှိသူခုနစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ငွေကြေးလိမ်လည်လှည့်ဖြား
အသက် ၄၀ အရွယ် တာကာဟာရှီမူနီမာဆာနှင့်
အခြားခြောက်ဦးတို့သည် လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် တိုကျိုမြို့အနီး ဆိုင်တာမခရိုင်၌
အသက် ၈၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ငွေကြေးလိမ်လည်လှည့်ဖြားခဲ့သည်။
ပြောဆိုစည်းရုံးခဲ့
အဆိုပါ ငွေကြေးလိမ်လည်
ထုတ်ယူသည့်အဖွဲ့သည် ဘဏ်အဖွဲ့ အစည်းဝန်ထမ်းများအဖြစ် ဟန်ဆောင်ပါဝင် လှုပ်ရှားခဲ့ပြီး
အမျိုးသမီးကြီးကို ဘဏ်ကတ်တစ်ခုလုပ်ရန်လိုအပ်ကြောင်း ပြောဆိုစည်းရုံးခဲ့ကြသည်။
ထုတ်ယူခဲ့ကြ
ငွေကြေး လိမ်လည်သူများသည်
အဆိုပါအမျိုးသမီးကြီး၏ အေတီအမ်ကတ်ထဲမှ ယန်းလေးသန်း (အမေရိကန်ဒေါ်လာ ၂၆၀၀၀) ခန့်ကို
လိမ်လည်ထုတ်ယူခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ငွေကြေးလိမ်လည်မှုနှင့် ခိုးမှုတို့ဖြင့်
သံသယရှိခဲ့သည်။
ရဲတပ်ဖွဲ့သည် ငွေကြေးလိမ်လည်ထုတ်ယူသူများ
အပါအဝင် ၂၉ ဦးပါအဖွဲ့ကို ၂၀၂၃ ခုနှစ် ကတည်းက ဖမ်းဆီးခဲ့သည်။
ပြန်လည်ထွက်ပေါ်လာ
သို့သော် တာကာဟာရှီနှင့်
အခြားခြောက်ဦးတို့သည် လုံခြုံရေးကင်မရာ မှတ်တမ်းစစ်ဆေးမှုတစ်ခုတွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့ပြန်သည်။
ခေါင်းဆောင်ဖြစ်မည်ဟု
ယုံကြည်
တာကာဟာရှီကို အုပ်စုခေါင်းဆောင်ဖြစ်မည်ဟု
ယုံကြည်လက်ခံကြပြီး ငွေကြေးလိမ်လည် ထုတ်ယူရာတွင် စီစဉ်ကြီးကြပ်သူဖြစ်မည်ဟု ယူဆထားသည်။
လပေါင်း ၃၀ ခန့်တွင်
အဆိုပါအုပ်စု၏ လှုပ်ရှားဆောင်ရွက်မှုများကြောင့် ငွေကြေးဆုံးရှုံးမှုသည် ယန်း ၂ ဒသမ
၂ သန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၄ သန်း ရှိမည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းသည်။
အင်န်အိတ်ချ်ကေ

No comments