ရွှေတောင်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
ရွှေတောင် နိုဝင်ဘာ ၂၄
ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနက
သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့်
အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရွှေတောင်မြို့နယ် သရက်တောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌
ပြုလုပ်သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်သစ်တောဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးအောင်စက်ပိုင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ
အကြောင်းအရာများကို တက်ရောက်လာသူများအား အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျောင်းသုံးဗလာစာအုပ်
ခြောက်ဒါဇင်နှင့် စာရေးကိရိယာများ ပေးဝေခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် သစ်တောဦးစီးဌာနမှ
ဝန်ထမ်းများ စုစုပေါင်း ၈၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)

No comments