စစ်ကိုင်းတိုင်းဒေသကြီး e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဆင်းပွဲ ကျင်းပ
မုံရွာ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး
e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သည့်
e-Government လူ့စွမ်းအား အရင်းအမြစ် အရည်အသွေး မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၃) ဆင်းပွဲကို
ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး
e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ
တက်ရောက်ကြသည်။
ပေးအပ်ချီးမြှင့်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား
ပြောကြားပြီး ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးခိုင်ထံ
ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ သင်တန်းသား
သင်တန်းသူများထံ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ
ပါမောက္ခချုပ်က e- Government လူ့စွမ်းအား အရင်းအမြစ် အရည်အသွေး မြှင့်တင်ရေးသင်တန်း
ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းနည်းပြနှင့်
လက်ထောက်နည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ သင်တန်းသား သင်တန်းသူများအတွက်
သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသား သင်တန်းသူများကိုယ်စား
သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments